Windows 10 PC ကို Samsung Galaxy ၏ လက်ဗွေစနစ်ဖြင့် unlock လုပ်နိုင်တော့မည်

Galaxy ထုတ်ကုန်သုံးစွဲသူများအနေနဲ့ ဖုန်းရဲ့ fingerprint sensor ကိုသုံးပြီး ကိုယ့်ရဲ့ Windows 10 ကွန်ပျူတာကို unlock လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို မကြာမီ ပြုလုပ်နိုင်လိမ့်မယ်လို့ Samsung က ပြောကြားလိုက်ပါတယ်။

 

Samsung Flow app ဟာ လက်ရှိမှာ Galaxy S7, S7 Edge, S6, S6 Edge, S6 Edge+, Note 5, A7 နဲ့ A5 ထုတ်ကုန်များကနေ Galaxy Tab Pro S 2-in-1 ကို unlock လုပ်နိုင်ပါတယ်။ Windows 10 Creators Update ထွက်ပေါ်ပြီးနောက် အဲ့ဒီ login feature ကို hardware အထောက်အပံ့ပါဝင်တဲ့ Windows 10 ကွန်ပျူတာအားလုံးထံ ဖြန့်ချိပေးသွားမယ်လို့ SamMobile က ဖော်ပြခဲ့ပါတယ်။

“အခုအချိန်မှာ Samsung Flow ကို Tab Pro S နဲ့ သုံးနိုင်ပါတယ်။ Windows 10 ရဲ့ Creators Update ထွက်လာပြီးရင်တော့ Windows 10 ကွန်ပျူတာအားလုံးထံ ဖြန့်ချိပေးသွားပါမယ်” လို့ Samsung မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref: WindowsCentral