ဆော်ဒီအာရေဗီယားဘုရင် အင်ဒိုနီးရှားသို့ မတ်လအတွင်း သွားရောက်မည်၊ နောက်ပါလူ ၁၅၀၀ အတူလိုက်ပါမည်

ဆော်ဒီအာရေဗီးယားနိုင်ငံ ဘုရင်ဆော်လမွန်သည် ရှေ့လတွင် အာရှခရီးစဉ်အဖြစ် အင်ဒိုနီးရှား နှင့်ဘာလီကျွန်း များသို့ တရားဝင်သွားရောက်မည်ဖြစ်ပြီး ဘုရင်နှင့် အတူဝန်ကြီး ၁၀ ဦးအပါအ၀င် လူ ၁၅၀၀ ပါဝင်မည်ဟု အင်ဒိုနီးရှား အစိုးရအရာ ရှိများက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

 

“ဒါဟာ အင်ဒိုနီးရှားနိုင်ငံအတွက်တော့ သမိုင်းဝင်ခရီးဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့ဝင်အတွင်း ၀န်ပရာမိုနိုအနမ်းက သတင်းထောက်များသို့ ပြောဆိုလိုက်သည်။ ဆောဒီဘုရင်သည် မတ်လ ၁ ရက်မှ ၉ ရက် အထိလာရောက်မည် ဖြစ်ကာ ခရီးစဉ်နောက်ဆုံး ၆ ရက်တွင် ဘာလီကျွန်း၌ အပန်းဖြေမည် ဖြစ်သည်။

ယင်းခရီးစဉ်ကြောင့် အင်ဒိုနီးရှားသို့ ဆော်ဒီရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ပြုလုပ်လာနိုင် သည်ဟု သမ္မတဂျိုကိုဝီဒိုဒို က မျှော်လင့်ထားသည်။

အင်ဒိုနီးရှားနိုင်ငံသို့ ဆော်ဒီဘုရင်ဖိုက်ဆယ် လွန်ခဲ့သော ၄၆ နှစ် က နောက်ဆုံး လာရောက်လည်ပတ်ခဲ့ဖူးသည်။ ယင်းတော်ဝင်ခရီးသည် နှစ်နိုင်ငံကြား အထူးသဖြင့်အင်ဒိုနီး ရှားအစိုးရရေနံကုမ္ပဏီ Pertamima     Pertamina နှင့်ဆော်ဒီကုမ္ပဏီ Aramco  ဗမောခသ တို့အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အကြီးဆုံးရေနံချက်စက်ရုံ  Cilacap  အား ဆော်ဒီအစိုးရအကူအညီဖြင့် အဆင့်မြှင့်ပြုပြင်နိုင်ခဲ့သည်။

“အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း အလားအလာတွေရ ရှိလာမှာပါ” ဟု အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌသောမတ်လမ်ဘွန် က သတင်းထောက်များသို့ ပြောဆို လိုက်သည်။

မူဆလင်ဘာသာဝင်များ ကမ္ဘာပေါ်တွင် အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံသို့ ဆော်ဒီအာရေဗီးယား နိုင်ငံက မျှတသောဘာသာရေးခံယူချက်ရှိစေရန် စာသင်ကျောင်းများ တွင် ဘာသာရေးသင်ခန်းစာများ ပို့ ချပေးခဲ့သည်ဟု ၎င်းကဆက်လက် ပြောကြားလိုက်သည်။

ဆော်ဒီဘုရင်၏ ခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အင်ဒိုနီးရှား လေယာဉ် များ ပျံသန်းမှုတိုးချဲ့ရေးနှင့် အရှေ့အလယ်ပိုင်းခရီးသည်များ အင်ဒိုနီးရှားသို့ လာရောက်ရေးများ ဆွဲဆောင် ပြုလုပ်နိုင်မည်ဟု အင်ဒိုနီးရှားက မျှော်လင့်ထားသည်။

အင်ဒိုနီးရှားနိုင်ငံသားများသည်လည်း ဆော်ဒီသို့ဟတ်(ဂ်ျ)ဘုရားဖူးအဖြစ် သွားရောက်ကြသူများပြားကြသည်။ ဆော်ဒီအာရေဗီးယားတွင် အင်ဒိုနီးရှား အလုပ်သမားများစွာတို့ လုပ်ကိုင်နေကြသူအများအပြားရှိသည်။
Ref:Reuters