အစိုးရ၏ လုပ်ငန်းတာဝန်များအား ထိပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်မည် ဆိုသော အချက် ကို တပ်မတော်နေ့ဦးတည်ချက်တွင် ထည့်သွင်း

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်ရေး ဆိုသည့် အချက်ကို မတ်လ ၂၇ရက် တွင် ကျရောက်မည့် (၇၂)နှစ် မြောက်တပ်မတော်နေ့ဦးတည် ချက်များ၌ ထည့်သွင်းဖော်ပြထားသည်။

 

(၇၂)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်တွင် အချက်လေးချက်ပါဝင်ကာ ပထမဆုံးအချက်သည် နိုင်ငံတော် ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ်စောင့် ရှောက်ရေးဖြစ်သည်။

ထို့အပြင် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းဆောင်ရွက် ရေးတို့ကို တပ်မတော်၏ ရပ်တည်ချက်အဖြစ် မြဲမြံစွာခံယူလုပ်ဆောင်ရေးကို ဒုတိယအချက်အဖြစ် ဖော်ပြထား သည်။

တတိယဦးတည်ချက်မှာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ချမှတ်ထားသော တပ်တော်၏ ငြိမ်းချမ်းရေး မူဝါဒ (၆)ရပ်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင်ဆောင်ရွက်ရေးဟု ပါရှိသည်။ နောက်ဆုံး အချက်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် ဘက်စုံလုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန် စွမ်းရည် ထက်မြက်သည့် တပ်မတော်တည် ဆောက်ရေးဖြစ်သည်။

# 7 Day Daily