ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး အန္တိမဈာပနကျင်းပခဲ့သည့်ရက်များအတွင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဒါနပြုပါဝင်ခဲ့

 

ဘဝနတ်ထံပျံလွန်တော်မူခဲ့ သည့် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် ဇယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ အဂ္ဃိယ၏ အန္တိမဈာပနကျင်းပခဲ့ သည့် နေ့ရက်များအတွင်း မန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များအနေဖြင့် လုပ်အား ဒါနပါဝင်ကုသိုလ်ပြု လုပ်အားပေးခဲ့ကြောင်း သိရသည်။

မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဇယမေဒနီဝါဆိုကျောင်းဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌ ဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တ အဂ္ဃိယ၏ ယခုလ ၁၄ ရက် နံနက် ၁နာရီခွဲတွင် ခန္ဓာဝန်ချ ဘဝ နတ်ထံပျံလွန်တော်မူခဲ့ပြီး ပျံလွန် တော်မူပြီး အန္တိမဈာပနသာဓု ကီဠနပူဇော်ပွဲကျင်းပရန် စတင် အစည်းအဝေးပြုလုပ်ချိန်မှစတင်၍ ဆရာတော်ကြီး၏အရိုးပြာများကို ဧရာဝတီမြစ်အတွင်းသို့ ဥဒကဝါ ဟနပူဇာသဘင်ကျင်းပသည့် ယခု လ ၁၉ရက်အထိ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟို အတိုင်ပင်ခံဦးရဲမြင့်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်ဦးဆောင်ကာ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးအောင် ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီ ဝင်များနှင့်ပါတီဝင်များ စုစုပေါင်း အင်အား ၃ဝဝခန့်တို့သည် ကျရာ နေရာမှပူးပေါင်းပါဝင်၍ လုပ်အား ဒါနပြုကုသိုလ်ယူပါဝင်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် ဘာသာသာသနာအတွက် ကျရာအခန်းကဏ္ဍမှ ဦးလည် မသုန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဆို ဆရာတော်ကြီး ဈာပနမှာ လည်း နေ့စဉ်လုပ်အား ဒါနပြုလျက်ရှိကြောင်း၊ နောင်မှာလည်း ဘာသာ သာသနာအတွက် ထမ်းဆောင် သွားဦး မှာဖြစ်ကြောင်း တိုင်း ဒေသကြီး ပါတီကော်မတီဝင်တစ်ဦးကပြောသည်။

သုတ(မန္တလေး)