မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လမ်းမတော်မြို့နယ်၌ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ်အတွင်း၌ လမ်းမတော် မြို့နယ်နှင့် ကျောက် တံတားမြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များက လမ်းမတော်မြို့နယ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း မဲဆွယ်စည်းရုံးရေးကို ယခုလ ၁၉ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြာင်း သိရသည်။

အဆိုပါ ကွင်းဆင်းမဲဆွယ် စည်းရုံးရာ၌ မဲဆန္ဒနယ်အမှတ်(၆) ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မာင်အေး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်က်ာမတီဝင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ လမ်းမတော်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှူး ဦးထွန်းမြင့်အောင် နှင့် ကော်မတီ ဝင်များ၊ ကျောက်တံ တားမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးသိမ်း၊ အတွင်းရေးမှူး ဦးမောင်မောင်နိုင် နှင့် ကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ ပါတီဝင် များနှင့် ပြည်သူများက မဲဆန္ဒရှင် ပြည်သူများနေအိမ်သို့ လက်ကမ်း စာစောင် များဝေငှ၍ တွေ့ဆုံခဲ့ကြကြာင်း သိရသည်။

မောင်စိန်ဝင်း