ပြည်ခိုင်ဖြိုးပါတီဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ယခုလ ၁၈ ရက် မွန်းလွဲ ပိုင်းက ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး နှင့် ပါတီအလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွား ရိပ်သာဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ယူ ဆောက်လုပ်လျက် ရှိသည့် ဆောက်လုပ်ရေး တာဝန်ခံ ဦးသန်းအောင်၊ ဘိုးဘွားရိပ်သာဂေဟာမှူး ဦးအောင်ခိုင်နှင့် ဘိုးဘွားရိပ်သာ ကော်မတီအဖွဲ့ဝင် ဦးဝင်းထွန်းအောင် တို့က ဆောက်လုပ်ဆဲ အဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ၎င်းနှင့် မိသားစုက လှူဒါန်းသည့်အဆောက်အအုံကို ကြည့်ရှုပြီး ထပ်မံလိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။