MMA ကြယ်ပွင့် မက်ဂရီဂေါ်နှင့် မကြာမီ ထိုးသတ်မည်ဟု မေ၀ယ်သာပြောကြား

WBC နှင့် WBA ၀ယ်သာဝိတ်တန်း၌ ၄၉ ပွဲတွင် ၄၉ ပွဲအနိုင်ထိုးသတ်၍ သရဖူကာကွယ်ကာ ၂၀၁၅စက်တင်ဘာ၌ လက်ဝှေ့လောကမှ အနားယူသွားသော မေ၀ယ်သာက MMA ကြယ်ပွင့် မက်ဂရီဂေါ်နှင့် မကြာမီထိုးသတ်မည်ဟု ပြောကြားသည်။

၎င်းတို့နှစ်ဦး ထိုးသတ်ရန် သဘောတူညီမှု ရလုနီးပြီဖြစ် ကြောင်း မေ၀ယ်သာက ESPN သတင်းထောက် စတီဖန်အေစမစ် အား ပြောကြားသည်။

‘‘ကျွန်တော်တို့ထိုးသတ်ဖို့ အရမ်းနီးစပ်နေပါပြီ’’ဟု မေ၀ယ် သာ (၃၉) နှစ်ကပြောကြားသည်။

လက်ဝှေ့လောက၏ အကြီး ကျယ်ဆုံးပွဲများအနက် တစ်ပွဲဖြစ် လာမည့် MMA ချန်ပီယံမက်ဂရီ ဂေါ်နှင့်ပွဲအတွက် အားလုံးဆုံး ဖြတ်ထားပြီးပြီဟု မေ၀ယ်သာက ဆိုသည်။

မက်ဂရီဂေါ် (၂၈) နှစ်သည် UFC လိုက်ဝိတ်တန်းချန်ပီယံဆုရယူကာ ဒီဇင်ဘာက ကယ်လီဖိုးနီးယား လက်ဝှေ့ ထိုးသတ်ခွင့်လိုင် စင်ရရှိခဲ့သည်။

UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ၎င်းတို့နှစ်ဦး၏ လက်ဝှေ့ပွဲဖြစ် မြောက်စေရန် တစ်ဦးစီအတွက် ကန်ဒေါ်လာ ၂၅ သန်း ကမ်းလှမ်းထားကြောင်းသိရသည်။

သို့သော် မက်ဂရီဂေါ်၏ချစ် သူ ဒီဒီဗလင်သည်ကိုယ်ဝန်ဆောင် ထားသဖြင့် ဖိအားမပေးလို၍ ၎င်းသည် မေလ မတိုင်မီအထိ UFC ပွဲများ ထိုးသတ်ဦးမည်မဟုတ်ဟု သတင်းများထွက်ပေါ်နေသည်။

Ref; MARCA