မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးများကို ဆက်လက်ကာရံနေကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြော

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့ရှိ ဒေသလုံခြုံရေး ဆောင်ရွက်မှုကို မေးမြန်းခဲ့ရာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းသို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အနောက်မြောက် နယ်စပ်ဒေသတစ်လျှောက် ကုန်းနယ်နိမိတ်လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ၂၀၀၉ မတ်လ ၁၃ ရက်မှ ၂၀၁၄ မတ်လ ကုန်အထိ အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့သည် ဟုဆိုသည်။

လက်ရှိ ခြံစည်းရိုးကာရံထားမှုသည် B-2 မှ BP-66 အထိ ၁၁၄ ဒသမ ၆၅ မိုင်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်တွင် တုံးချောင်းဝမှ အငူမော်ကျေးရွာအထိ မိုင် ၄၀ အရှည်ရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း ဒုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သည် နယ်စပ်နယ် နိမိတ် ၁၆၈ ဒသမ ၅၇ မိုင်ထိ ထိစပ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော် နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားအထိ ၃၉ ဒသမ ၈၂ မိုင်နှင့် နတ်မြစ်ဖျားမှ အစပြုကာ ချောင်းများ၊ တောင်ထိပ်များနှင့် ကုန်းပိုင်းတစ်လျှောက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် BP-31 မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် -အိန္ဒိယ သုံးနိုင်ငံဆိုင်ရာ နယ်စပ် မှတ်တိုင် BP-73 အထိ ၁၂၈ ဒသမ ၇၅ မိုင် ထိစပ်လျက်ရှိသည် ဟု သိရသည်။

# 7 Day Daily