ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အမ်းမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ၁၅.၂.၂၀၁၇ နေ့ နေ့လည် ၂ နာရီအချိန်တွင် အမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ ပါတီဝင်များနှင့် တွေ့ဆုံခဲ့၍ ပါတီဥက္ကဋ္ဌကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော မြို့မိမြို့ဖများမှ လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား ပထမပိုင်းပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ မြို့မိမြို့ဖ (၁၈၅)ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းကို ပြန်လည်ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်မှ မိမိမြို့နယ် နယ်မြေအခြေအနေ များနှင့် မြို့နယ်ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှူများအား Power Point ဖြင့် ရှင်းလင်း ပြသခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းမှ မဲဆွယ်စည်းရုံးနေမှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များမှ တင်ပြခြင်းနှင့် ကျောက်ဖြူခရိုင် ပါတီဥက္ကဋ္ဌ ဦးသိန်းနုမှ ရွေးကောက်ပွဲအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ တင်ပြချက်များအပေါ် ခြုံငုံသုံးသပ်တင်ပြခဲ့ရာ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးမှ လမ်းညွှန် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ ၅း၄၀ အချိန် တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ရပ်/ကျေးပါတီဝင် (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။