ပါတီဥက္ကဋ္ဌဦးသန်းဌေး မန်းရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို အလှူငွေများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်နှင့် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး တို့သည် ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော် ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေရန်ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခဲ့သည်။

 

ယမန်နေ့ ညနေပိုင်းကလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူးများဖြစ်ကြ သော ဒေါက်တာကျော်ကျော်ဌေးနှင့် ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်၊ မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး တို့သည် မကွေးမြသလွန်ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး ဘုရားကြီးပြုပြင်ရန် အလှူငွေများပေးအပ် လှူဒါန်း ခဲ့သည်။

မင်းဟိန်း