ဗဟိုအာဖရိကတွင် လက်နက်ကိုင်များ အပစ်ရပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင် စီတောင်းဆို
ပြီးခဲ့သည့်တနင်္ဂနွေက ဗဟိုအာဖရိကနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့က လေကြောင်း ထိုးစစ်ဆင်နွှဲခဲ့ပြီးနောက် လက်နက်ကိုင်အုပ်စုများ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဝင်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်သည်။
ဗဟိုအာဖရိကနိုင်ငံ အလယ်ပိုင်း Bambari မြို့တွင် ခိုအောင်းနေ သောစစ်သွေးကြွများကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၀င်ရောက်တိုက်ခိုက် ခဲ့ကြောင်း၊ လက်နက်ကိုင် စစ်သွေးကြွ ၃၀၀ ခန့် ထရပ်ကား ခုနစ်စီးဖြင့် Bambari မြို့သို့ ဦးတည်ချီတက်လာစဉ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်ခဲ့ရကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ အကြီးအကဲ Herve Ladsous က လုံခြုံရေး ကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
လက်နက်ကိုင်စစ်သွေးကြွ မည်မျှသေဆုံးသည်ကို မသိရသေးကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထရပ် ကားလေးစီးခန့် ပျက်စီးသွားကြောင်း Herve Ladsous က ပြောကြားသည်။ တောင် အာဖရိကရှိ လက်နက် ကိုင်စစ်သွေးကြွအဖွဲ့အားလုံး အပစ်ရပ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ယူကရိန်း ကုလ သံတမန် Volodymyr Yel- chenko က တိုက်တွန်းပြော ကြားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယခုလ၌ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူကရိန်းက တာဝန်ယူရကြောင်း သိရသည်။
ဗဟိုအာဖရိကနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ Francois Bozize ၏အစိုးရ ပြုတ်ကျခဲ့ပြီးနောက် ပြည်တွင်းစစ်ပွဲ အရှိန်မြှင့် တက်လာခဲ့သည်။ ဗဟိုအာဖရိကအခြေအနေထိန်းသိမ်းရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှ တပ်သား ၁၂၀၀၀ စေလွှတ်ပေးခဲ့သည်။
ဗဟိုအာဖရိကတွင် လက်နက် ကိုင်စစ်သွေးကြွများ ထကြွသောင်း ကျန်းနေသဖြင့် လုံခြုံရေးအခြေအနေ ကျိုးပျက် ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်နေကြောင်း Vo lodymyr က ပြော သည်။ ဗဟိုအာဖရိကရှိ လက်နက် ကိုင်တပ်ဖွဲ့များ စောင့်ကြည့်နှိမ်နင်းရန် မောင်းသူမဲ့ လေယာဉ်များအသုံးပြုမည်ဟု ပြင်သစ်က ကုလသမဂ္ဂ လုံခြုံရေး ကောင် စီအစည်းအဝေး၌ ပြောသည်။
# Ref:AFP