ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည်……………………………..ဦးရှာမွေလရှဲန်
ပါတီ………………………………..ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း……………….B.A .B.Ed (Hist )
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်…အမှတ် ၂ – ကျိုင်းတုံမြို့နယ် ရှမ်းပြည်နယ်၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း

ဦးရှာမွေလရှဲန်၏ ကိုယ်ရေးအကျဉ်း

ကျိုင်းတုံမြို့နယ် လွိုင်မွေဇာတိဖြစ်ပြီး အထက ပန်ဝိုင်အောက်တွင် အလယ်တန်း၊ အထက(၁) ကျိုင်းတုံတွင် အထက်တန်း၊ တောင်ကြီးကောလိပ်တွင် B.A(Hist) ဘွဲ့၊ မန္တလေး ပညာရေးတက္ကသိုလ်တွင် B.Ed (Hist) ဘွဲ့ကို ရရှိခဲ့ပါသည်။

မူလတန်းပြဆရာအဖြစ် ကျိုင်းတုံမြို့နယ် အလယ်တန်းပြဆရာအဖြစ် မိုင်းခတ်မြို့၊ အထက်တန်းပြဆရာအဖြစ် အထက(၃)ကျိုင်းတုံနှင့် လက်ထောက် မြို့နယ်ပညာရေးမှူးအဖြစ် ကျိုင်းတုံမြို့နယ်တွင် စုစုပေါင်း(၂၈)နှစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ရှမ်းပြည်နယ်၌ လားဟူမျိုးနွယ်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင် မြှောက်ခံရပြီး ၂ဝ၁၅ ခုနှစ်အထိ လားဟူ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ကျိုင်းတုံမြို့နယ် တောင်ပေါ်(၅)အုပ်စု၊ ဟတ်ဖူး၊ဓားချောင်းကူး တံတား တည်ဆောက်ပေးခြင်း၊ မိုင်းပတ်ထက် သွားလမ်းနှင့် တံတား တည်ဆောက်ပေးခြင်း၊ မိုင်းပတ်အောင် ဖပဲအို မူလတန်းကျောင်းသွား လမ်းပြုပြင်ပေးခြင်း၊ ပန်ဝိုင်ထက်ရွာသွားလမ်း ကွန်ကရစ်ခင်းပေးခြင်း၊ ပင်းတောင်ရွာနှင့် ဝမ်ပင်းရွာသွား ကျောက်ချောလမ်းခင်းပေး ခြင်းစသည့် လူမှုရေး၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ ယခု ၁.၄.၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ပါသည်။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။

# ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ