အမုန်းတရားခေတ် ပုံရိပ်ပြသသော ဓာတ်ပုံ ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆုဆွတ်ခူး

ဖေဖော်ဝါရီ ၁၃ ရက်က တူရကီနိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီးကို လုပ်ကြံသတ်ဖြတ်နေသော သေနတ် ကိုင်ထားပြီး ဒေါသများ ပြည့်နေသည့် တူရကီ ရဲတပ်ဖွဲ့ဝင်၏ ဓာတ်ပုံသည် ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆု ဆွတ်ခူးသွားသည်။

 

အန်ကာရာမြို့ အခမ်းအ နားတစ်ခုဖွင့်ပွဲတွင် သံအမတ်ကြီး အန်ဒရေးဟာလော့ဗ်ကို သေနတ် ဖြင့် ကိုးချက်ဆင့် ပစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် မက်ဗလတ်အယ်လ် ကက်စ် (၂၂)နှစ်အား အေပီသတင်းဌာနမှ ဓာတ်ပုံဆရာ ဘာဟန် အော့ဇ်ဘီလီစီက အမိအရဓာတ်ပုံရိုက်ယူခဲ့၍ ပြိုင်ပွဲဒိုင်များက ၎င်း၏သတ္တိကို ချီးကျူးပြောကြားခဲ့သည်။

‘‘သေနတ်သံတွေကြားလိုက် ကတည်းက ဒါဟာ သမိုင်းဝင် အ ခိုက်အတန့်ပဲဆိုတာ ကျွန်တော် သိလိုက်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်လို့လည်း သိတယ်။ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ကိုယ့်အသက်ဘေးလွတ်ဖို့ ထွက်ပြေးသွားလို့ မရဘူး’’ဟု အော့စ်ဘီလီစီက ပြောသည်။

ပြတ်သားထင်ရှားသော ဓာတ်ပုံသည် ကမ္ဘာတစ်ဝန်း အင်တာနက်ပေါ်၌ ဟိုလေးတစ်ကျော် ဖြစ်ခဲ့ပြီး ကြည့်ရှုသော အကြိမ်ရေ ၁၈ သန်းအထိ ရှိခဲ့သည်။

ဆီးရီးယားစစ်ပွဲတွင် ကလေးများ ပိတ်မိနေသော ပုံက ဒုတိယရခဲ့ပြီး မနီလာမြို့ အကျဉ်းသားများ ပြည့်သိပ် နေသည့် ပုံမှာ တတိယရရှိခဲ့သည်။

Ref:AFP