Android Wear 2.0 ကို update လုပ်နိုင်မယ့် စမတ်နာရီများ

အဆင့်မြှင့်တင်ထားတဲ့ Google ရဲ့ စမတ်နာရီ operating system ကို အခုအခါ အသုံးပြုနိုင်နေပါပြီ။ အဲ့ဒီ update မှာ အသစ်ပြောင်းလဲပြင်ဆင်ထားတဲ့ user interface နဲ့ ဖုန်းအပေါ်မှီခိုမှုကို လျှော့ချနိုင်မယ့် on-watch app store နဲ့ built-in keyboard တို့လို feature သစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် မိုဘိုင်း ငွေချေစနစ် Android Pay နဲ့ Google ရဲ့ intelligent voice assistant ဖြစ်တဲ့ Google Assistant တို့အတွက် အထောက်အပံ့တွေလည်း ပါဝင်လာပါတယ်။

 

Android Wear 2.0 ကို Google နဲ့ ပူးပေါင်းဖန်တီးထားတဲ့ LG စမတ်နာရီနှစ်မျိုးဖြစ်တဲ့ LG Watch Sport, LG Watch Style တို့နဲ့အတူ မိတ်ဆက်ခဲ့တာပါ။ စမတ်နာရီမော်ဒယ်အဟောင်းတွေကတော့ update ကိုသုံးနိုင်ဖို့ ဒီလကုန်အထိ စောင့်ဆိုင်းရပါမယ်။ ထုတ်လုပ်သူတွေကို update ဖြန့်ချိပေးဖို့ Google က ပြောကြားထားပြီး မတ်လကုန်မှာ Android Wear 2.0 ကို တွဲဖက်သုံးနိုင်မယ့် စမတ်နာရီအားလုံးမှာ ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

Android Wear 2.0 ကို update လုပ်နိုင်မယ့် စမတ်နာရီစာရင်း အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်-

*Asus ZenWatch 2 * Asus ZenWatch 3 * Casio Smart Outdoor Watch * Fossil Q Founder

*Fossil Q Marshal * Fossil Q Wander * Huawei Watch * LG Watch R * LG Watch Urbane

*LG Watch Urbane 2nd Edition LTE * Michael Kors Access * Moto 360 (2015) * Moto 360 Sport

* Moto 360 for Women * New Balance RunIQ * Nixon Mission * Polar M600 * TAG Heuer Connected Watch * Casio’s Pro Trek Smart Outdoor Watch

၂၀၁၄ မှာ ဖြန့်ချိခဲ့တဲ့ original Moto 360, Asus ZenWatch, LG G Watch နဲ့ Samsung Gear Live တို့မှာတော့ Android Wear 2.0 ကို update လုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Usef;rma&;