မိုဘိုင်းဖုန်းများသုံးကာ အစိုးရနုတ်ထွက်ရေး တောင်းဆိုတဲ့ ရိုမေးနီးယားနိုင်ငံက ဆန္ဒပြပွဲ

ရိုမေးနီးယားနိုင်ငံက ပြည်သူထောင်ပေါင်းများစွာဟာ အအေးဒဏ်ကို အံတုပြီး လမ်းပေါ်ထွက်ကာ အစိုးရ နှုတ်ထွက်ရေးအတွက်  ထပ်မံဆန္ဒပြကြပါတယ်။

အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးဥပဒေ အားချည့်နဲ့အောင် အစိုးရက လုပ်ဆောင်နေတယ်ဆိုပြီး ခုလို နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြကြတာပဲဖြစ်ပါတယ်။

ဘတ်ချာရတ်စ်မြို့ အစိုးရရုံးချုပ်ရှေ့မှာ “သူခိုးတွေ ထွက်သွားကြ”ဆိုကာ ဆန္ဒပြသူတွေက ကြွေးကြော်ကြ ပါတယ်။ ဆန္ဒပြတဲ့ ခုအင်အားဟာ မိုဘိုင်းဖုန်းက မီးအလင်းရောင်သုံးပြီး အပြာ၊ အ၀ါနဲ့ အနီရောင်ဖြစ်တဲ့ ရိုမေးနီးယား အလံပုံကို ပုံဖော်ကြပါတယ်။

လူမှုမီဒီယာပေါ်က လှုံ့ဆော်မှုအရ ဆန္ဒပြသူတွေဟာ ဖုန်းမီးအလင်းရောင်ကို အရောင်နဲ့စာရွက်ပေါ် ထိုးပြီး နိုင်ငံတော်အလံ အပြာ၊ အ၀ါနဲ့ အနီရောင်တို့ကို ပုံဖော်သွားကြတာပဲဖြစ်ပါတယ်။

ဘတ်ချာရတ်စ်မြို့က ဆန္ဒပြအင်အားက ငါးသောင်းကျော်ထက်မနည်းရှိနိုင်တယ်လို့ ရိုမေးနီးယားမီဒီယာတွေက ဖော်ပြပါတယ်။ အာဏာပိုင်တွေကတော့ ဆန္ဒပြအင်အားနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပါ။

အနီးက အဆောက်အအုံတစ်ခုပေါ်လည်း ဖုန်းမီးအလင်းရောင်ထိုးပြီး “ခုခံကြ”ဆိုတဲ့ စာလုံးကို ပုံဖော်ခဲ့ကြ ပါတယ်။ တစ်ချို့သောဆန္ဒပြသူတွေကတော့ “အကျင့်ပျက် အဂတိရပ်၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြကြပါတယ်။

-Ref; AFP