စပါးကွင်းလယ်လူ ဒီလီအယ်လီ ဇန်န၀ါရီက အကောင်းဆုံးကစားသမားဆုရရှိ

ဇန်န၀ါရီအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို စပါးကွင်းလယ်လူ ဒီလီအယ်လီက အသင်းဖော် ဟယ်ရီကိန်းကို ကျော်ဖြတ်၍ ရယူနိုင်ခဲ့သည်။

 

ဇန်ဝါရီအတွင်း စပါးအသင်းသည် ရှုံးပွဲမရှိခဲ့ဘဲ အယ်လီ နှင့် ကိန်းတို့က ငါးဂိုးစီသွင်းယူခဲ့သည်။ ၀က်ဖို့ဒ်၊ ချယ်လ်ဆီးနှင့် ၀က်စ်ဘရွန်းတို့ကို စပါးက အနိုင် ရခဲ့ပြီး မန်စီးတီး၊ ဆန်းဒါးလန်း တို့နှင့် သရေကျခဲ့သည်။

အယ်လီသည် ၀က်ဖို့ဒ်နှင့် ချယ်လ်ဆီးကို အနိုင်ပွဲရရာတွင် နှစ်ဂိုးစီ သွင်းယူခဲ့ပြီး မန်စီးတီးနှင့် သရေပွဲ၌ တစ်ဂိုး သွင်းယူခဲ့ကာ ၀က်စ်ဘရွန်းကို သွင်းခဲ့သော ကိန်း ၏ သုံးဂိုးတွင် တစ်ဂိုးကို ပြောင်မြောက်စွာ ဖန်တီးပေးခဲ့ပြီး တစ်လတာ အကောင်းဆုံးဆု ရရှိသွားခြင်းဖြစ်သည်။

ဝက်ဖို့ဒ်နှင့်ပွဲတွင် နှစ်ဂိုး သွင်းယူခဲ့သော ကိန်းသည် ၀က်ဖို့ဒ်နှင့် မန်စီးတီးပွဲ၌ ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သည်။

‘‘မှန်ကန်တဲ့ ဂုဏ်ပြုမှုပါ။ တစ်သင်းလုံး ဒီလမှာ အကောင်း ဆုံးကစားခဲ့တယ်။ အသင်းလိုက် တက်ညီလက်ညီရှိခဲ့ပြီး ဒီဆုရတာ ဂုဏ်ယူစရာပါ’’ဟု အယ်လီက ပြောသည်။

ဆွမ်ဆီးအသင်းနည်းပြသစ် ပေါလ်ကလီမန့်က တစ်လတာ အကောင်းဆုံးမန်နေဂျာဆုရရှိခဲ့သည်။

ယနေ့ညတွင် စပါးအသင်းသည် လီဗာပူး၏ အန်ဖီးလ်ကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရန်ရှိပြီး  ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေသော လီဗာပူးက စပါးနှင့်ပွဲတွင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန်  ကြိုးစားဖွယ်ရှိသည်။ ခြေစွမ်းပြနေသော ဒုတိယနေရာရှိ စပါးသည် ထိပ်ဆုံးမှ ချယ်လ်ဆီးကို လိုက်မီရန် ရည်မှန်းထားရာ ပွဲကြီးပွဲကောင်း ဖြစ်လာရန် သေချာသလောက်ရှိသည်။

-Ref; Sky Sports