၂ဝ၁၆ ခုနှစ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေမဲ့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ တပ်မတော်ထုတ်ပြန်
၂ဝ၁၆ ခုနှစ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေမဲ့လုပ်ဆောင်ခဲ့မှု များနှင့် ပတ်သက်၍ တပ်မတော်က ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများက စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူလူထုအား ၂ဝ၁၆ ခုနှစ်အတွင်း အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ အဓမ္မ လူသစ်စု ဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် အဆောက်အအုံများ၊ ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ဦးစွာဖော်ပြထားသည်။
ဆက်လက်၍ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် KIA အကြမ်းဖက်သောင်းကျန်းသူများသည် ကချင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူ လူထုအပေါ် လူသတ်မှု လေးကြိမ်၊ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှု ကိုးကြိမ်၊ မိုင်းထောင် ဖောက်ခွဲမှု ၁၁ ကြိမ်၊ မိုင်းထောင်မှု ၅၄ ကြိမ်၊ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း နှစ်ကြိမ်၊ လူသစ်စုခြင်းသုံးကြိမ်၊ ဆက် ကြေးကောက်ခံခြင်းငါးကြိမ်နှင့် မီးရှို့ ဖျက်ဆီးခြင်း လေးကြိမ်အားလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှု ငါးကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု တစ်ကြိမ်၊ မိုင်းထောင်မှု တစ်ကြိမ်နှင့် ဆက်ကြေးကောက်ခံခြင်း သုံးကြိမ်တို့အားလည်းကောင်း၊ ချင်းပြည်နယ်အတွင်း မိုင်းထောင်ခြင်း တစ်ကြိမ်တို့အားလည်းကောင်း ကျူးလွန်ခဲ့သည်။
အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် TNLAအကြမ်း ဖက်သောင်းကျန်းသူများက လူသတ်မှုနှစ်ကြိမ်၊ နှောင့်ယှက်ပစ် ခတ်တိုက်ခိုက်မှုခြောက်ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု နှစ်ကြိမ်၊ မိုင်းထောင်မှုတစ်ကြိမ်နှင့် မီးရှို့ ဖျက်ဆီးမှုတစ်ကြိမ် တို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အဓမ္မလူသစ်စုဆောင်းခြင်းနှစ်ကြိမ်၊ ဆက်ကြေးကောက်ခံခြင်း တစ်ကြိမ် တို့အားလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ခြင်း သုံးကြိမ်အား လည်းကောင်း အသီးသီး ကျူးလွန်ခဲ့သည်။
ထို့အတူ KIA/ MNDAA/ TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လူသတ်မှုတစ်ကြိမ်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှု လေးကြိမ်၊ မီးရှို့ဖျက်ဆီးမှုနှစ်ကြိမ် ကျူးလွန်ခဲ့ပြီး MNDAA အကြမ်းဖက်သောင်းကျန်းသူများက လူသစ်စုဆောင်းခြင်းတစ်ကြိမ် အသီးသီးကျူးလွန်ခဲ့သည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ပြည်သူလူ ထုအပေါ် ဥပဒေမဲ့လုပ်ဆောင်ခဲ့မှု များကြောင့် အပြစ်မဲ့ပြည်သူ ၃၈ ဦးသေဆုံးခြင်း၊ ၁၃၇ ဦးထိခိုက် ဒဏ်ရာရရှိခြင်း၊ ၂၂၆ ဦးအဓမ္မဖမ်း ဆီးခေါ်ဆောင်ခံရခြင်း၊ ပြည်သူလူ ထုပိုင်ဆိုင်သည့် အဆောက်အအုံ ၁၇ လုံး၊ ယာဉ်မျိုးစုံ ၁၄ စီး၊ ဘက်ဟိုး ငါးစီး၊ တာယာမျိုးစုံ ၂ဝဝနှင့် အများပြည်သူများအသုံး ပြုလျက် ရှိသည့် တံတားတစ်စင်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့ရပြီး တပ်မတော်အနေဖြင့် နေ့ညမပြတ် နယ်မြေရှင်းလင်းခြင်း၊ လှုပ်ရှားစိုးမိုးခြင်းများဖြင့် ပြည်သူလူထုလုံခြုံမှု ပိုမိုရရှိ စေရေး၊ နယ်မြေဒေသတည်ငြိမ်မှု ရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ပြည်မြန်မာ