တောင်ကုတ်မြို့နယ်ပါတီ ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့် ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် (အရံဗဟိုကော်မတီဝင်) ဦးထွန်းဝေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီး၊ အတွင်းရေးမှူး ဦးကျော်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် များ၊ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံရရှိငွေ (၅၇၀၀၀ိ/-) ကျပ်ကို ပါတီဝင်များ ကိုယ်စား မြို့နယ်ကော်မတီဝင် ဦးသန်းဌေးက လည်းကောင်း၊ ကျေးရွာအုပ်စု (၂၀) မှ ပါတီဝင် (၂၆၈) ဦးအတွက် ပါတီနှစ်စဉ်ကြေးကောက်ခံရရှိငွေ (၃၁၅၅၀၀ိ/-) ကျပ်ကို ပါတီဝင်များကိုယ်စား မီးချောင်းထိုးကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း ပေးအပ်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီးမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပါတီဝင်နှစ်စဉ်ကြေးများကို ကောက်ခံသွားရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စု ဇုံနယ်များ အလိုက် ကွင်းဆင်းစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။