မဲစာရင်းမှတ်ပုံတင်စက်ကို စမ်းသပ်အသုံးပြု

နိုင်​ငံတကာတွင်​ အသုံးပြုနေသော ကိုရီးယားနိုင်​ငံထုတ်​ မဲစာရင်းမှတ်ပုံတင်​သည့်​စက်​ကို ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်က ရန်ကုန်​တိုင်းရှိ မြို့နယ်​သုံးခုတွင်​စမ်းသပ်​အသုံးပြုခဲ့သည်​။ ဓာတ်​ပုံရိုက်​၍ရခြင်း၊ လက်​​ဗွေနှိပ်​စက်​ပါရှိခြင်းနှင့်​ မဲဆန္ဒရှင်​၏ အချက်​အလက်​များကို ရိုက်​နှိပ်​၍ရခြင်း စသည့်​ အားသာချက်​များရှိ​ကြောင်း​ ကော်​မရှင်​မှသိရသည်။

‘‘ဒီစက်​ကို မဲ​ပေးတဲ့​နေ့မှာ မဲရုံမှာထားရင်​၊ မဲလာ​ပေးတဲ့သူက လက်​​ဗွေရိုက်​လိုက်​ရင်​ မှန်​၊ မမှန်​စက်​က စစ်​လိမ့်​မယ်​။ နောက်​တစ်​ခေါက်​ မဲလာ​ပေးလို့ လက်​​ဗွေနှိပ်​ရင်​ စက်​က သူမဲ​ပေးပြီး​ကြောင်း အချက်​ပြလိမ့်​မယ်​။ နှစ်​ခါမဲ​ပေးလို့ မရ​တော့ဘူး​ပေါ့’’ ဟု​ ကော်မရှင်​အတွင်း​ရေးမှူး ဦးတင်​ထွန်းက​ပြောသည်​။

၂၀၁၅​ ရွေး​ကောက်​ပွဲတွင်​မူ နှစ်ခါမဲမ​ပေးနိုင်​ရန်​ လက်​သန်းကို တာရှည်​ခံသည့်​ မင်​တို့ကာ မှတ်​သား ခဲ့သည်​။ စက်​​​ကြောင့်​ မဲ​ပေးခြင်းကို မထိခိုက်​နိုင်​​ကြောင်း ၎င်းကဆက်​လက်​​ပြောသည်​။ အဆိုပါစက်​ကို လှိုင်​မြို့နယ်၊ ​ကော့မှူးမြို့နယ်​နှင့်​ လှိုင်​သာယာ မြို့နယ်​တို့တွင်​ စမ်းသပ်​ခဲ့​ကြောင်း​ ကော်​မရှင်​မှသိရသည်​။

၂၀၁၅​ ရွေး​ကောက်​ပွဲ မဲစာရင်းမှားယွင်းမှုကြောင့်​​ ဝေဖန်​ခံခဲ့ရသည့်​​ ကော်​မရှင်​သည် ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ မဲစာရင်းမှန်​ကန်မှုရှိေ​စရန် ​နည်းမျိုးစုံဖြင့်​ ကြိုးပမ်း​ဆောင်​ရွက်​လျက်​ရှိသည်​။ တစ်​အိမ်​တက်​ဆင်းမဲစာရင်း​ ကောက်​ခံခြင်းကို​ ဆောင်​ရွက်​ခဲ့သည့်​အပြင်​ ယခုကဲ့သို့ စက်​ဖြင့် အသုံးပြုခြင်းကိုပါ စမ်းသပ်​ခဲ့ခြင်း ဖြစ်​သည်​။

ကောက်​ခံရရှိသည့်​​ အ​ခြေခံမဲစာရင်းကို​ ဖေ​ဖော်​၀ါရီ ၁၄ ရက်​အထိ​ ကော်​မရှင်​အဖွဲ့ခွဲရုံးများတွင်​ ကပ်​ထား​မည်​ဖြစ်​ပြီး တစ်အိမ်​တစ်ေ​ယာက်​ လာကြည့်​ရန်​​ ကော်​မရှင်​က ​မေတ္တာရပ်​ခံထားသည်​။

မဲစာရင်းတွင်​ အမည်​အချက်​အလက်​ မှားယွင်းလျှင်​ ပြင်​ဆင်​ရန်​၊ မပါသင့်​သူများပါလျှင်​ ကန့်​ ကွက်​ရန်​နှင့်​ အမည်​မပါ​သေးလျှင် ထည့်​သွင်း​ပေးရန်​​ တောင်းဆိုနိုင်​​ကြောင်း ​ကော်​မရှင်​က ​ကြေညာထားသည်။ မဲစာရင်းတွင်​ မိမိအမည်​ပါမှသာ မဲ​ပေးခွင့်​ရမည်​ဖြစ်​သည်​။

ကြားဖြတ်​​ရွေး​ကောက်​ပွဲကို လာမည့်​ ဧပြီ ၁ ရက်တွင် ကျင်းပမည်​ဖြစ်​ပြီး မဲဆန္ဒနယ်​ ၁၉​ နေရာအတွက်​ ကိုယ်​စားလှယ်​ ၉၄ ဦး ယှဉ်​ပြိုင်​ကြမည်​ဖြစ်​သည်​။

# 7 Day Daily