သမားအသစ်ကိုခေါ်ယူမည်ဆိုလျှင် ဒီဂီယာထက် ကော်တိုရစ်ကိုသာ ဇီဒန်းအလိုရှိ

မန်ချက်စတာယူနိုက်တက်ရဲ့ ဒီဂီယာကို ပြီးခဲ့တဲ့ 2015နွေရာသီတုန်းက ရီရဲလ်မတ်ဒရစ်အသင်းက ခေါ်ယူနိုင်လုနီးပါးဖြစ်ခဲ့သေးတာ ဘောလုံးပရိတ်သတ်တွေမှတ်မိကြအုန်းမှာပါ။ ဒါပေမယ့် အပြောင်း အရွေ့ပိတ်ခါနီးမှာ စာရွက်စာတမ်းအချက်အလက်တွေ အချိန်မှီမပြီးစီးခဲ့ဘူးဆိုတဲ့ အကြောင်း ပြချက်နဲ့အတူ မန်ယူဘက်ကဒီဂီယာကို ဖမ်းဆုပ်ထားနိုင်ခဲ့ပြီး 2019 အထိသက်တမ်းတိုး ချုပ်ဆို လိုက်ပါတယ်။

 


ဒါပေမယ့် မတ်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က လက်လျော့မသွားပဲ ယခုရာသီကုန်ရင် ပြန်ကြိုးစားချင်နေ ပါတယ်။ ဒါပေမယ့် မတ်ဒရစ်နည်းပြ ဇီဒန်းကတော့ ဒီဂီယာကို သူမလိုချင်ကြောင်း ပြောပါတယ်။ မတ်ဒရစ်ရဲ့ဘောစ့်ဟာလာမယ့်နှစ်မှာအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ပီပီ၊ ကွန်ထရာအို၊ ရိုဒရီဂွတ်ဇ်၊ မိုရတ်တာ၊ ဘင်ဇီးမားတို့အပြင် ရော်နယ်ဒိုကိုပါ ထုတ်ရောင်းပြီး ကစားသမားအသစ်များနဲ့ တစ်ကျော့ ပြန်သွေးသစ်လောင်းကာ ကြယ်စင်စုကို ပြန်တည်ဆောက်တော့မှာပါ။

အဲ့ဒီထဲမှာ ဂိုးသမားအသစ်ကိုပေါ်ခေါ်ယူဖို့ plan ရှိနေပါတယ်။ ဒါပေမယ့် ဇီဒန်းကတော့ ဒီဂီယာကို ပစ်မှတ်မထားပဲ ချဲလ်ဆီးဂိုးသမား ကော်တိုရစ်ကိုသာ ခေါ်ချင်နေတယ်လို့ မတ်ဒရစ်နဲ့ ပါတ်သတ်တဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒီဂီယာကို ဂိုးသမားတစ်ယောက်ရဲ့ ပရီးမီးယားလိဒ် စံချိန်တင်ပြောင်းရွေ့ကြေးဖြစ်တဲ့ ပေါင်(17.8) သန်းနဲ့ 2011 ခုနှစ်က တီကိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပြောင်းရွှေ့မယ် ဆိုရင် လက်ရှိဒီဂီယာရဲ့ ဈေးနှုန်းဟာ ပေါင် (43)သန်းအထိ ရှိနေပါတယ်။

# ပြည်မြန်မာ