ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ မရမ်းကုန်းမီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးထောက်ပံ့ကူညီ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသ ကြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ဗဟိုအလုပ် အမှု ဆောင်ဒေါက်တာပွင့်ဆန်းနှင့် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းတို့ဦးဆောင်၍ ယနေ့ နံနက်၉နာရီတွင် မရမ်းကုန်းမြို့နယ် ပါတီကော်မတီအဖွဲ့၊ရပ်ကွက်စည်း ရုံးရေး မှူးနှင့် ပါတီ ဝင်များသည် အမှတ်(၆)ရပ်ကွက် ဇေယျာခေမာ လမ်းရှိမီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ ဆုံအားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူ ဒါန်းသောမီးဘေးသင့်ပြည်သူ အိမ် ထောင်စု ၇၅စုအတွက် တစ်စုလျှင် ကျပ် ၃ဝဝဝဝ နှုန်းဖြင့်ကျပ် ၂၂၅ဝဝဝဝ၊ မီးဘေးသင့် သီလရှင် ဆရာလေး ၁၅ပါးအတွက်တစ်ပါး လျှင်ကျပ်၁ဝဝဝဝဖြင့်ကျပ်၁၅ဝဝဝဝ စုစု ပေါင်း ငွေကျပ် ၂၄ဝဝဝဝဝ အား တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပေးအပ်လှူဒါန်း ခဲ့ပြီး မီးဘေးသင့်ပြည်သူများ ကိုယ်စား အမှတ်(၆)ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးစောလွင်မှ လက်ခံရ ယူခဲ့သည်။