ရန်ကုန်တက္ကသိုလ်ရူပဗေဒကျောင်းသားကျောင်းသူဟောင်းများ ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

 

ရန်ကုန်တက္ကသိုလ် ရူပဗေဒ ကျောင်းသားကျောင်းသူဟောင်းများ (ပညာသင်နှစ်အားလုံး)၏ ဆဋ္ဌမ အကြိမ်မြောက် အာစရိယပူဇော်ပွဲ ကို ယနေ့ နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်အပန်းဖြေရိပ်သာ (RC) တွင်ကျင်းပရာရူပဗေဒဌာနကျောင်း သားဟောင်းများဖြစ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုနာယက (ဗဟိုဦးဆောင် ကော်မတီဝင်)ဦးဌေးဦး၊ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်ပဲခူးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့ တက်ရောက် ကာကန်တော့ခံဆရာဆရာမကြီးများ အားဂါရဝပြုခဲ့ကြောင်းသိရသည်။
အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ရန်ကုန် တက္ကသိုလ်ရူပဗေဒဌာန ကျောင်း သားကျောင်းသူများက မြကျွန်းညို ညိုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြ ပြီးဆီမီးတိုင်များထွန်းညှိကာတက် ရောက်လာသူများက ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး ကန်တော့ ပစ္စည်းများပေးအပ်ကြသည်။ ထို့ နောက် ကန်တော့ခံဆရာကြီး ပါမောက္ခဒေါက်တာတင်အောင်က ဆုံးမသြဝါဒစကား မြွက်ကြား သည်။ ထို့နောက် ရူပဗေဒဌာန ကျောင်းသားဟောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရူပဗေဒကျောင်းသား ကျောင်းသူများကိုယ်စား ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆဋ္ဌမအကြိမ် အာစရိယပူဇော် ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ကန်တော့ ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆရာကန်တော့ပွဲကျင်းပရေးကော် မတီမှ ရန်ကုန်တက္ကသိုလ်သို့ အလှူငွေကျပ် ၁ဝ သိန်းပေးအပ် လှူဒါန်းပြီးဆရာကန်တော့ပွဲကျင်းပ ရေးကော်မတီမှ အလှူရှင်များ အားဂုဏ်ပြုလွှာများ အသီးသီးပေး အပ်ရာ အလှူရှင်များဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ကဂုဏ်ပြုလွှာများ အားအသီးသီးလက်ခံရယူကြသည်။
ထို့နောက် ကျန်းမာရေးစောင့် လျှောက်မှုကော်မတီဥက္ကဋ္ဌဒေါက်တာ မြမြဝင်းက ဆရာဆရာမကြီးများ အတွက်ကျန်းမာရေးစောင့်ရှောက် မှုအစီအစဉ်များကို ရှင်းလင်း တင်ပြပြီး ဆရာကန်တော့ပွဲကျင်းပ ရေးနာယက ဦးမောင်မောင်က ကျေးဇူးတင်စကားပြောကြားကာ ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာန ကျောင်းသား ကျောင်းသူလေး များက တက္ကသီလာသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။