ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီတစ်အိမ်တက်ဆင်းကွင်းဆင်းတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီ သည် ယခုနှစ် ကြားဖြတ်အထွေ ထွေရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် တစ်အိမ်တက်ဆင်း ကွင်း ဆင်းစည်းရုံးဆောင်ရွက်ခြင်းအား ယခုလ ၁ရက်မှစတင်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၈နာရီ မှစတင်ကာ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် ခေါင်းဆောင် သော ပါတီဝင်အင်အား ၄ဝဖြင့် သုံးခွရပ်ကွက်သို့ သွားရောက်ကာ ဒေသခံမိဘပြည်သူများထံ အဖွဲ့ လေးဖွဲ့ဖြန့်ခွဲ၍ မွန်းလွဲ ၁နာရီ အထိ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် တစ်အိမ်တက်ဆင်းကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးနေလင်းသည် (၁)ရပ်ကွက်နှင့် (၃)ရပ်ကွက်မှ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် အတူ (၃)ရပ်ကွက်အတွင်းရှိ မိဘ ပြည်သူများအား နံနက် ၈နာရီတွင် တွေ့ဆုံ၍ ပြည်သူလူထု၏ လိုအပ် ချက်များအား သိရှိနိုင်ရန် ကွင်း ဆင်းဆောင်ရွက်ခြင်း၊ ပံ့ပိုးကူညီ ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက် မွန်းလွဲပိုင်းတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်သည် ပါတီဗဟိုကော်တီဝင် ဒေါက်တာ ဝင်းအောင်ကျော်နှင့်ဦးလှထွန်းဦး၊ ပါတီအရန်ဗဟိုကော်မတီဝင် ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ဦးသိန်းကျော် အောင်၊ ဦးဝဏ္ဏမျိုးတို့ လိုက်ပါ လျက် မြို့နယ်ပါတီရုံးသို့ ရောက် ရှိပြီး မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေလင်းတို့နှင့် တွေ့ဆုံကာ ရွေး ကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးလမ်းညွှန်မှာကြားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် မြို့နယ်ပါတီကော်မတီနှင့်ရပ်ကွက် နှင့်ကျေးရွာပါတီအဖွဲ့ခေါင်းဆောင် များ အပတ်စဉ်ပုံမှန်အစည်းအဝေး ကျင်းပကာ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ ရပ်ကွက် နှင့်ကျေးရွာအဖွဲ့ခေါင်းဆောင်များ စည်းရုံးရေးနှင့်ရွေးကောက်ပွဲအောင် နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးကာ ညနေ ၄ နာရီတွင် အစည်းအဝေးရုပ်သိမ်း ခဲ့ကြောင်း သိရသည်။