မွန်မြတ်လှတဲ့အလှူဒါနနှင့် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်တို့ မိသားစု

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းမှ အသက်(၇၅)နှစ်အထက် အဘိုး၊အဖွားများအား အလှူရှင် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီး ဒေါ်ဝေဝေ တို့မှ အဖိုး၊အဖွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။
အလှူရှင် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင် သည် ယ္ခင်က မြန်မာ့မီးရထား ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၎င်းဇနီးဖြစ်သူ ဒေါ်ဝေဝေမှာ ဘီးလူးကျွန်း ချောင်းဆုံသူဇာတိ ဖြစ်ပါသည်။ အလှူရှင်မိသားစုတို့သည် နောက်နှစ်တွင်လည်း လာရောက် လှူဒါန်း ဂါဝရပြုမည်ဟု အဘိုး၊အဖွားများအား လျှောက်ထားခဲ့သည်။

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ ကုလားဘီ ဝယ်လန်းကျေးရွာတွင်ပြုလုပ်သည့် ဘုန်းတော်ကြီးကျောင်း၌ အဘိုး၊အဖွားများအား လှူဒါန်း ကန်တော့ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဦးအုန်းမြင့် တက်ရောက်ကာ အဘိုး၊အဖွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

#naylinn