မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးမှ မီးဘေးသင့်သူများအား ထမင်းထုပ်နှင့်အလှူငွေများထောက်ပံ့

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ သိမ်ဖြူမီးရထားရပ် ကွက် မီးဘေးသင့်ပြည်သူ ၇၆ ဦး အပါအဝင် ဝိုင်းဝန်းကူညီ လုပ်အား ပေးသောNGO များ၊ ဌာနဆိုင်ရာ များအပါအဝင် စုစုပေါင်းဦးရေ ၁၃ဝ အတွက် ကြက်သားဟင်း၊ ငါးပိကြော်၊ တို့စရာများနှင့် ထမင်း ထုပ်များကို ဝေငှပေးခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးရှေ့ မီးရထား ဝန်ထမ်းအိမ်ရာအတွင်း ယမန်နေ့ ည ၁၁နာရီ ၁၅မိနစ်တွင် ပေါ့ဆမှု မှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူအချို့မှာ ဆုံးရှုံးမှု များရှိခဲ့ခြင်းကြောင့် ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအတွက် ၂ဝ၁၅လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်ကြသော ဒေါက်တာကျော်စိုးနှင့် ဒေါက်တာစောလှ ထွန်းတို့ကလည်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ဝဝဝဝစီ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)