ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဖြိုးမေတ္တာ(အခမဲ့ ) နယ်လှည့်ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် Dr.တိုးတိုးအောင်ဦးဆောင်သောအဖွဲ့သည် သက္ကောကျေးရွာ ရာမညနိကာယ ဘာပလိုက် ကျောင်း ပဓာန နာယကဆရာတော် ဘုရားအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။
မောင်ဆောင်း(ချောင်းဆုံ)