အမျိုးသမီးရေးရာတွေ့ဆုံပွဲ မော်လမြိုင်ပြည်ခိုင်ဖြိုးကျင်းပ
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀းဝဝ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုးမှ အဖွင့်မိတ်ဆက်စကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်မြင့်မှ အမျိုးသမီး ရေးရာကိစ္စရပ်များ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မှု၊အမျိုးသမီးများအကြမ်းဖက်မှု
ကင်းဝေးရန်၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းပါဝင်မှု၊ ခေတ်အဆက်ဆက်အမျိုးသမီးများခေါင်းဆောင်ခဲ့မှုများ၊ အစဉ်အလာကောင်းများရှိနေပြီးဖြစ်သောအမျိုးသမီးများ ပြည်ခိုင်ဖြိုးပါတီနှင်
့ပူးပေါင်း၍ တက်တက်ကြွကြွဆောင်ရွက်လာစေရန်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက်ခရိုင်ပါတီအမျိုးသမီးရေးရာတာဝန်ခံဦးမျိုးဝင်းဇော်၊ မြို့နယ်ကော်မတီဝင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ခင်ဦးမှ အမျိုးသမီးရေးရာဖွဲ့စည်းခြင်း၏ရည်ရွယ်ချက်များ ၊လုပ်ဆောင်ချက်များကိုအကျယ်တဝင့်ရှင်းလင်းပြောကြား သည်။
ဆက်လက်ပြီးတက်ရောက်လာကြသော
ရပ်ကွက်/ကျေးရွာများမှ သိရှိလိုသည့ိစ္စရပ်များကိုမေးမြန်းရာ မြို့နယ်ဥက္ကဌဦးညီညီထွေးမှ ပြန်လည်ရှင်းလင်းပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်နယ်နှင့် ခရိုင်ကော်မတဝင်များ၊ မြို့နယ်ဥက္ကဌနှင့်ကော်တီဝင်များ၊တက်ရောက်လာကြသော ရပ်/ကျေးအမျိုးသမီးရေးရာတာဝန်ခံများ၊GREEN 9လူငယ်ပရဟိတအဖွဲ့ မှတာဝန်ခံများစုစုပေါင်အင်အား(၈၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်