ဖြိုးစေတနာဆေးကုသအဖွဲ့ လှိုင်သာယာမြို့နယ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အတွင်းရှိ အမှတ်(၉)ရပ်ကွက် အပိုင်(၃) စပ်စံထွန်းလမ်း”အောင် သုခ”ဓမ္မာရုံကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)ဆေးကုသရေးအဖွဲ့ သည် ယမန်နေ့နံနက် ၉နာရီက ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ သည်။

ထိုသို့ဆောင်ရွက်စဉ် ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးတင်ယု၊ ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ် ပြည် ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်စိုးဝင်း၊ ကော်မတီဝင်များနှင့် အမှတ်(၉) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ဒေါ်အေးအေးသန်း၊ ကော်မတီဝင်များ၊ အမျိုးသမီးတာဝန်ခံများ လူငယ်တာဝန်ခံများ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအဖွဲ့ ဦးသစ်လွင်၊ ကော်မတီဝင်များ၊ တာဝန်ခံဆရာဝန် ဒေါက်တာဒေါ်စိုးစိုးမူ၊ သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများ စုစုပေါင်း ၁ဝ ဦးလိုက်ပါပြီး ဆေးကုသမှုခံလူနာ ၁၂၄ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးကုသမှုကို နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်သွားခဲ့ကြသည်။

ထို့နောက် မြောင်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်တွင်းရှိ ရှမ်း ချောင်းကျေးရွာတွင်လည်း ခရိုင်ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ လှိုင်သာယာမြို့နယ်(ခေတ္တ)ဥက္ကဋ္ဌ ဦးဇေယျာအောင် မြို့နယ် ကော်မတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်း ချောင်းကျေးရွာဥက္ကဋ္ဌ ဦးခင်အောင်၊ ရပ်/ကျေးကော်မတီဝင်များနှင့် စုပေါင်းအင်အား ၁၅ဝက ရှမ်းချောင်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ ကြောင်း သိရသည်။

ဝင်းညွန့်(လှိုင်သာယာ)