ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက်အဖွင့်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သင်တန်းကျောင်း၌ပြုလုပ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲ၌ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အနေဖြင့် ဘက်စုံစွမ်းရည်ထက်မြက်တဲ့ ပါတီကေဒါတွေအဖြစ် လေ့ကျင့်ပေးပြီး သက်ဆိုင်ရာဒေသအသီးသီးမှာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးနိုင်ရန်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းမှာဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်မှာဖြစ်စေ စဉ်ဆက်မပြတ်သင်ယူမှု၊ လေ့လာမှုရှိမှသာ အမြဲရှင်သန်အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပါတီညီလာခံက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ခုနစ်ရပ်ဟာ ပါတီဝင်များမဖြစ် မနေအောင်မြင်အောင် ဆောင်ရွက် ရမယ့် လက်ငင်းအကောင်အထည် ဖော်ရမယ့်အလုပ်တွေ၊ တာဝန်တွေ ဖြစ်ကြောင်း၊ ပါတီရဲ့ဆောင်ပုဒ် ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံးဆိုတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရတွေကိုလည်း ပြော ကောင်းရုံ၊ ဖတ်ကောင်းရုံ၊ ရေး သားထားတဲ့အဆင့်မျှသာမဟုတ် ဘဲ ပါတီဝင်တစ်ဦးချင်းမှာရှိတဲ့ တကယ့်ကိုယ်ပိုင်အရည်အချင်း များ ဖြစ်လာအောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုကြောင်း၊ ဒီသင်တန်း မှာပို့ချတဲ့ဘာသာရပ်တွေကို ကြိုး ကြိုးစားစား လေ့လာမှတ်သားပြီး လက်တွေ့နယ်ပယ်မှာ အကျိုးရှိ အောင် ပြန်လည်အသုံးချသွားဖို့ အပြင် မိမိဒေသသို့ပြန်လည်ရောက် ရှိပါကလည်း မိမိတို့ပါတီဝင်များ ကို ပြန်လည်ပို့ချ ဆင့်ပွားမျှဝေနိုင် အောင် လေ့လာမှတ်သားသွားကြဖို့ တိုက်တွန်းကြောင်း၊အချိန်ကိုအကျိုး ရှိရှိအသုံးချပြီး စွဲမြဲစွာလေ့လာ မှတ်သားကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသင်ကြားပေးသမျှ သင်ခန်းစာများကို အလေးအနက် ထား မှတ်သားနာယူပြီး အရည် အသွေး၊ အရည်အချင်းတိုးတက် အောင် ကြိုးစားသွားကြစေလို ကြောင်း၊ နိုင်ငံတော်နဲ့ အမျိုးသား အကျိုးစီးပွားအတွက် ကျရာအခန်း ကဏ္ဍမှနေပြီး ကြိုးပမ်းသွားကြပါ။ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးနဲ့ ပါတီအကျိုးအတွက် မျက်ခြည် ပြတ်မခံဘဲအစဉ်ကြိုးပမ်းအားထုတ် သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

သင်တန်းသို့ ကြားဖြတ်ရွေး ကောက်ပွဲမှာ ရွေးချယ်ခံမည့် ကိုယ် စားလှယ်လောင်း ၁၉ဦး ပြည် နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသားသင်တန်းသူ ၉၉ ဦး စုစုပေါင်း ၁၁၈ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ လေး ပတ်ကြာမည်ဖြစ်ကြောင်း သိရ သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးသန်းဌေးအပါအဝင် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေ ထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း တို့နှင့် ပါတီတာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

သာလှ(ပျဉ်းမနား)