ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် ၄၁ စုရှိပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်း ရေး မှူးနှင့် ကျောက်ကြီးမြို့နယ် ၄၁ စုရှိ ပါတီဝင်များအား ယနေ့နံနက် ၁၁နာရီတွင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစော မော်ထွန်း၊ တိုင်းဒေသကြီးအတွင်း ရေးမှူး ဦးညီညီမြင့်၊ တိုင်းဒေသ ကြီးကော်မတီဝင် ဦးအောင်ဝင်း ထွန်း၊ ဦးအောင်နိုင်တို့နှင့်အတူ တောင်ငူခရိုင်ပါတီဥက္ကဋ္ဌ ဦးတင် စိုး၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျောက်ကြီးမြို့နယ်ပါတီဥက္ကဋ္ဌ နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ် ကွက်ကျေးရွာ ၄၁အုပ်စုမှ ပါတီ ဝင်များအား တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက ယခုလို မိမိတို့အနေဖြင့် မြို့နယ်များရှိပါတီဝင်များအားတွေ့ ဆုံရာတွင် နယ်မြေဒေသအလိုက် ပါတီဝင်များအနေဖြင့် အခက်အခဲ များရှိပါက ယနေ့တိုင်းဒေသကြီး၊ ခရိုင်တွေ့ဆုံပွဲမှာ ပွင့်လင်းမြင်သာ စွာဆွေးနွေးတင်ပြကြရန်လိုအပ် ကြောင်းပြောကြားပြီး ရေးရာ အလိုက်လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်း၍ တာဝန်ရှိသူများက ပြန်လည် ရှင်း လင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဝင်းကြိုင်(ကျောင်းကုန်း)