ကော့မှူးပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ၌ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့နယ်နာယကဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးကြည်ငြိမ်း၊ မြို့နယ်ကော်မတီဝင်များ၊ ကော့မှူး မြို့နယ်တွင်းရှိ ရပ်ကျေးပါတီဝင်များ စုစုပေါင်းပါတီဝင် ၁ဝ၅ဦး တို့ တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ပထမဦးစွာ မိတ်ဆက် စကားပြောကြား၍ ပါတီရှေ့လုပ်ငန်းစဉ်များ၊ပါတီမူဝါဒများ၊ ဖြတ် သန်းခဲ့ရသည့်အတွေ့အကြုံများ၊ ပါတီဝင်များ၏ ပါတီဆောင်ရွက်မှု များအပေါ် အခက်အခဲများမေးမြန်းကာ လုပ်ဆောင်ရမည့်ပါတီ မူဝါဒများကို အားပေးပြောကြားခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် တွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)