ဥရောပသမဂ္ဂသို့ စေလွှတ်ရန် သံတမန်အဖြစ် တင်မ်ဘာရိုအားခန့်အပ်

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ဥရောပသမဂ္ဂသို့ သံကိုယ်စားလှယ်အဖြစ် အကြီးတန်းသံတမန် အဖွဲ့ဝင် တစ်ဦးအား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဝန်ကြီးချုပ်ထရီဆာမေ၏ နည်းဗျူဟာများနှင့်ပတ်သက်၍ အာဏာ ပိုင်များအား စိတ်ပျက်စေခဲ့သည့် စာတစ်စောင်ကို ရေးသားကာနုတ်ထွက်သွားခဲ့သည့် သံအမတ်တစ်ဦး၏ နေရာ တွင် အစားထိုးရန် အဆိုပါပုဂ္ဂိုလ်အား ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရုရှားသံအမတ်ဟောင်း တစ်ဦးဖြစ်သည့် ပြည်ပနှင့် ဓနသဟာယနိုင်ငံများ ရုံးအဖွဲ့၏ နိုင်ငံရေးòန်ကြားသူ တင်မ် ဘာရိုသည် လာမည့်သီတင်းပတ် တွင် အဆိုပါရာထူးနေရာကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အီဗန် ရော်ဂျာ၏ နုတ်ထွက်မှုအပြီးတွင် မစ္စထရီ ဆာမေ၏ ဗြိတိန်အစိုးရအဖွဲ့ရုံးက ပြောကြားခဲ့သည်။

သံတမန်အဖွဲ့ဝင်လုပ်သက် အနှစ် ၃ဝ ကျော်ရှိခဲ့သည့် ဘာရိုအား ရွေးချယ်လိုက်ခြင်းသည် အီးယူမှ ဗြိတိန်၏ နုတ်ထွက်ရေး လှုပ်ရှားနေသူအချို့ကို မကျေမနပ်ဖြစ်စေခဲ့သည်။

ဘာရိုသည် ဘရပ်ဆဲလ်ရှိ ဗြိတိန် သံရုံးတွင် အတွင်းရေးမှူးအဖြစ် ဦးစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် ဗြိတိန်အီးယူမှ နုတ်ထွက်ရေးနှင့်ပတ်သက်၍ အများပြည်သူ၏ ထောက်ခံမှုကို များစွာရရှိခဲ့ခြင်းမရှိပေ။

ဗိတိန်အစိုးရ အဖွဲ့ရုံးက ၄င်းအား အတွေ့အကြုံများပြား ပြီး ခိုင်မာမှုရှိသည့် စေ့စပ်ညှိနှိုင်းရေး သမားကောင်း တစ်ယောက်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

(ရိုက်တာ)