Selfie ကင်မရာနှစ်ခု ပါဝင်သည့် Vivo V5 Plus ကို ယခုလတွင် မိတ်ဆက်မည်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက V5 ကို မိတ်ဆက် ပေးခဲ့ပြီးနောက် တရုတ်စမတ်ဖုန်း ကုမ္ပဏီ Vivo က Plus ဗားရှင်းကို ယခုလအတွင်း မိတ်ဆက်ရန် ပြင်ဆင်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့်ပွဲအတွက် ဖိတ်စာများပေးပို့ခဲ့သည်။

 

အဆိုပါဖိတ်စာတွင် V5 Plus ၌ selfie ကင်မရာနှစ်ခု ပါဝင်မည့်အကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အခြားသော အချက်အလက်များကို တရားဝင်ကြေညာချိန်မှသာ သိရှိရမည်ဖြစ်သည်။

အရှေ့ဘက်တွင် ကင်မရာနှစ်ခု ပါဝင်သည့် ပထမဆုံးဖုန်းက Lenovo Vibe S1 ဖြစ်ပြီး ၎င်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မိတ်ဆက်ပေးခဲ့သည်။

Ref: GSMArena