Brix Series Gaming ကွန်ပျူတာသစ်ကို Gigabyte မိတ်ဆက်

Gigabyte သည် Brix အမှတ်တံဆိပ် gaming တစ်ကိုယ်ရေ ကွန်ပျူတာများ ထုတ်လုပ်လျက် ရှိသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ ယခုအခါ Gigabyte က Brix series သစ် BRIX-GZ1DTi7 ကွန်ပျူတာကို မိတ် ဆက်ခဲ့သည်။

 

ထို gaming ကွန်ပျူတာတွင် ထူးခြားသော အစိမ်းရောင် ဆန်ခါ ကွက်၊ ဘဲဥပုံဒီဇိုင်းနှင့် LED မီးလုံးများ ပါဝင်သည်။ အဆိုပါစားပွဲတင် ကွန်ပျူတာသည် ကျစ်လျစ်ပြီး စွမ်းဆောင်ရည် အလွန်ကောင်းမွန်သည်။ GZ1DTi7 တွင်ဆဋ္ဌမမြောက်မျိုးဆက် Intel Core i7 ပရိုဆက်ဆာ အသုံးပြုထားသည်။ Nvidia GeForce GTX 1070 (သို့မဟုတ်) GTX 1080 GPU ပါဝင်သော ဗားရှင်းနှစ်မျိုးရှိသည်။ ထို့အပြင် RAM 16GB, 240GB M.2 SSD နှင့် storage 1TB HDD တို့ပါဝင်သည်။ GZ1DTi7 တွင်စနစ်ကို အေးခဲအောင် ပြုလုပ်မည့် စက်ပစ္စည်း ပါဝင်ခြင်းကြောင့် ဒီဇိုင်းက ထူးခြားနေသည်။

Gigabyte သည်မျိုးဆက်သစ် Brix စားပွဲတင်ကွန်ပျူတာ၏ ဈေးနှုန်းနှင့် ထွက်မည့်ရက်ကို မထုတ်ပြန်သေးပေ။ သို့ရာတွင် Gigabyte ၏ တရုတ်ဝက်ဘ်ဆိုက် တွင်မူ ထုတ်ကုန်၏အသေးစိတ် အချက်အလက်များ ဖော်ပြထား သည်။

Ref: TheVerge