1 Night 2 Days အစီအစဉ်မှာ မကြာခင်တွေ့မြင်ရနိုင်တဲ့ ကင်မ်ဂျောင်ကွတ်

Running Man အစီအစဉ်မှ ထွက်ခွာခဲ့သော ကင်မ်ဂျောင်ကွတ်ကို မကြာမီ 1 Night 2 Days အစီအစဉ်တွင် တွေ့မြင်ရနိုင်ကြောင်း သိရသည်။

 

ကင်မ်ဂျောင်ကွတ်သည် မကြာသေးမီက Turbo ဂီတအဖွဲ့ဝင်တစ်ဦးအဖြစ် MBC ရုပ်သံလိုင်းတွင် အသံသွင်းမှု တစ်ခုပြုလုပ်ရာ ပရိသတ်များနှင့် စကားပြောဆိုခွင့်ရခဲ့သည်။

ပရိသတ်တစ်ဦးက ၎င်းအား အကယ်၍  1 Night 2 Days အစီအစဉ်တွင် ပါဝင်မည်လား မေးမြန်းသောအခါ ကင်မ်ဂျောင်ကွတ်က ပါဝင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုအစီအစဉ်ကို မည်သည့်အချိန်တွင် ရိုက်ကူးမည်ကို အတိအကျ မပြောခဲ့သော်လည်း  1 Night 2 Days အစီ အစဉ်တွင် ကင်မ်ဂျောင်ကွတ်ကို မကြာမီ တွေ့မြင်ရလိမ့်မည်ဖြစ်သည်။

Ref:allkpop