၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပစဉ် လမ်းများ ခေတ္တ ပိတ်ထားမည်

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၇၊ ဇန်န၀ါရီ ၄ ရက်၊ နံနက် ၃ နာရီခွဲမှစ၍ မြို့တော်ခန်းမ ရှေ့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကျင်းပစဉ် နံနက် ၃ နာရီခွဲမှ အခမ်းအနားပြီးဆုံးသည်အထိ ဖော်ပြပါလမ်းများအား ခေတ္တပိတ်ထား မည်ဖြစ်ပြီး လမ်းလွှဲများဖြင့် သွားလာမှုပြုနိုင်ရန် အသိပေး နှိုးဆော်ထားသည်။

ခေတ္တလမ်းပိတ်ခြင်းကို မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဘဏ် လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ လည်းကောင်း လမ်းပိတ် ထားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လမ်းခေတ္တပိတ်ထားမည် ဖြစ်ခြင်းကြောင့် မဟာဗန္ဓုလလမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ဆူးလေ ဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမှ လည်းကောင်း၊ ကုန်သည်လမ်းမှ လာသော ယာဉ်လိုင်းများ အနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြပါရန် ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အသိပေး နှိုးဆော်ထားသည်။

The Ladies News