ပြည်နယ်ပါတီရုံးအဖွဲ့မှ နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တွင် အလှူငွေများလှူဒါန်း

နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက်ပိုင်းက ရခိုင ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဖွဲ့မှူး ဦးဆောင်သော ရုံးဝန်ထမ်းများသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် (အကွက်-၁၃)ရှိ ABC ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်၍ အလှူငွေများနှင့် ကလေးသူငယ်များအတွက် အချိုရည်ဘူးများ၊ မုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ရုံးက ကလေးတွေမှာ သာရေးနာရေးဆိုပြီးတော့ လစဉ်ကြေးတွေ ထည့်ဝင်ထားတာ တွေရှိပါတယ်။ အဲဒီငွေတွေထဲက ဆွမ်းကျွေးတာတို့၊ အလှူလုပ်တာ တို့အပြင် အခြားလိုအပ်တဲ့နေရာတွေ မှာလည်း တတ်နိုင် သလောက် လှူဒါန်းတာတွေရှိပါတယ်။
အခုကလေးတွေက ဒီဖောင်ဒေးရှင်းက ကလေးတွေကို လှူချင်တယ် ဆိုတာနဲ့ ဖောင်ဒေးရှင်းနဲ့ ကြိုတင်ရက်ညှိပြီး တော့ ဒီနေ့နှစ်သစ်ကူးနေ့မှာ အလှူလုပ်တာနဲ့ အစပျိုးမယ်ဆိုပြီးတော့ သွားလှူတာဖြစ်ပါတယ်” ဟု ပြည်နယ်ပါတီ ရုံးအဖွဲ့မှူး ဦးကျော်သိမ်းက ပြောသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် စစ်တွေမြို့နယ်ပါတီမှလည်း စိတ်အား ထက်သန်စွာ ပါဝင်လာပြီး ပြည်နယ်ပါတီ ရုံးဝန်းများက အလှူငွေကျပ် တစ်သိန်းအပြင် စစ်တွေမြို့နယ်ပါတီမှ အလှူငွေ ကျပ် ၅ဝဝဝဝ နှင့် ပါတီဝင် လူငယ် အမျိုးသမီးတစ်ဦးက အလှူငွေကျပ် ၁ဝဝဝဝ ကို ပါဝင်လှူဒါန်းခဲ့ကြပြီး အလှူငွေများကို ယင်း ဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူး ဦးကျော်တင်က လက်ခံရယူခဲ့ကြောင်း သိရသည်။