ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ခရစ္စမတ်ဆုတောင်းပေးပို့သည့် သဝဏ်လွှာ ကွမ်းလုံမြို့နယ် လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်းတွင်ဖတ်ကြား

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ဥာဏသိပံ္ပရပ်ကွက်ရှိ လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်း၌ ယခုလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ထူးခြားလေးနက်သော ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် (ခရစ္စမတ်နေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ခရစ္စမတ်ဆုတောင်းပေးပို့သည့်သဝဏ်လွှာကို ကွမ်းလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထွန်းရင်က ပါတီဥက္ကဋ္ဌကိုယ်စားတက်ရောက်အားပေးချီးမြှင့်ဖတ်ကြားခဲ့သည်။

Union Daily