ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

 

20.12.2016 ရက်နေ့ တမှုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ၌ ရွှေခြင်္သေ့လူငယ်လူမှု ကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ခရိုင်အရန်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရွှေခြင်္သေ့ လူမှုကူညီရေးအဖွဲ့ဝင်များ၊ အလှူရှင်များ ၊ မြို့မိမြို့ဖများ၊ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ဥက္ကဌ ဦးဝင်းဌေးမှ ရွှေခြင်္သေ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာဖက်ကြားခြင်း၊ ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် မြို့မိမြို့ဖများမှ အလှူရှင်ဂုဏ်ပြုလွှာများ၊ ပြန်လည်ပေးအပ်ခြင်း၊ အလှူရှင်များမှ သွေးလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ရွှေခြင်္သေ့ကော်မတီများမှ နှစ်အလိုက်အများဆုံး ယာဉ်မောင်းများ၊ နေ့အလိုက်တာဝန်ချထားရာတွင် အကောင်းဆုံး တာဝန်ထမ်းဆောင်မှု အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ဘက်စုံကူညီပေးနိုင်မှု အထူးအဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး (၁၀:၀၀) နာရီအချိန်တွင် ပထမပိုင်း အခမ်းအနားကို ခေတ္တရပ်နားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ (၁၀:၃၀) နာရီအချိန်တွင် ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့နေ့ နာယက အဖွဲ့နှင့် အမှုဆောင် ကော်မတီအသစ်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

Chat Conversation End


Leave a Reply