ကျိုက်ထိုပါတီအမျိုးသမီးရေးရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

ကျိုက်ထို မြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ ဖြိုး
ရေးပါတီ အမျိုးသမီး ရေးရာတွေ့ ဆုံပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉း၀၀ နာရီ အချိန်တွင် ကျိုက်ထို့မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်ပါတီ
ဥက္ကဌ ဦးဌေးလွင် မှအဖွင့် အမှာစကားပြောကြားခြင်း၊
ပြည်နယ်ပါတီကော်မတီဝင် ပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်မြင့်မှ အမှာစကားပြောခြင်း၊
ကျိုက်ထိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်
ခလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်စန်းစန်းမိုး မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီး
ရေးရာ တာဝန်ခံ ဒေါ်မြစန္ဒာဦး/ဒေါ်ခင်လှ တို့ မှ
ဆက်လက် ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်/
ကျေးရွာများမှ အမျိုးသမီး ၆၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply