ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော လူနာရှင်အား ပြည်ခိုင်ဖြိုး ပရဟိတအဖွဲ့မှ သွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပရဟိတ သွေးလှူရှင်များအသင်းမှ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာရှင်များမှ လိုအပ်သည့်သွေးများကို တစ်လလျှင် သွေးပုလင်း ၄ဝဝ မှ ၅ဝဝ ကြားထိ လှူဒါန်းပေး လျက်ရှိကြောင်း ပရဟိတသွေးလှူရှင်များထံမှ သိရသည်။

ထိုသို့လှူဒါန်းပေးလျက်ရှိရာ ဒီဇင်ဘာ (၁၃) ရက် နံနက် ၁၁ နာရီက ကျောက်ဆည်မြို့နယ် ရဲဘော်လေးကျေးရွာမှ ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်တွင် တက်ရောက်ကုသနေသော လူနာရှင် ဒေါ်သီတာဦး အတွက် အရေးပေါ်လိုအပ်နေသည့် အိုသွေးနှစ်အိတ်ကို ပြည်ခိုင်ဖြိုး သွေးလှူရှင်အဖွဲ့မှ ကိုအောင်မျိုးနှင့်ကိုသက်တို့က ဇီဝိတဒါနသွေးဖောက် လှူဒါန်းပေး ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၁၂နာရီခွဲတွင် ကျောက်ဆည်မြို့ ဘောဂဝတီရပ်နေ ပြည်ခိုင်ဖြိုး သွေးလှူရှင်အဖွဲ့ သွေးတာဝန်ခံ လေဖြတ်ဝေဒနာရှင် ဦးနေဝင်းအား ပြည်ခိုင်ဖြိုး သွေးလှူရှင်အဖွဲ့ရန်ပုံငွေမှ ကျန်းမာရေး စောင့်ရှောက်ကူညီထောက်ပံ့ငွေကို ဒုတိယ သွေးတာဝန်ခံ ဦးကျော်မြင့်နှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)


Leave a Reply