သန်လျင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ ဒီဇင်ဘာ (၁၄) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ (၄၅)ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

USDP သန်လျင်


Leave a Reply