ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာအသင်းခြေစွမ်းကို လက်ရွေးစင်နည်းပြချုပ် သွားရောက်ကြည့်ရှုမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အသက် (၂၁)နှစ်အောက် သန်နိုင်းသတင်းစာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ-၂၁ အသင်း၏ခြေစွမ်းကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် သွားရောက်ကြည့်ရှုမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

လက်ရွေးစင်အသင်းနှင့်အတူ မကြာမီ စာချုပ်သက်တမ်းတိုး ချုပ်ဆိုမည့် ဂျာမနီနည်းပြ ဂတ်ဖရိုင်းဒရစ်အနေဖြင့် အနာဂတ်တွင် လက်ရွေးစင်အသင်းအား လူငယ်ကစားသမားအများစု အခြေခံဖွဲ့စည်းတည်ဆောက်ရန် စီစဉ်ထား ပြီး အဆိုပါဖိတ်ခေါ်ပြိုင်ပွဲ၌ ခြေစွမ်းပြနိုင်သည့် ကစားသမားများကို လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

‘‘မကြာခင် နည်းပြချုပ်နဲ့ စာချုပ်သက်တမ်းတိုးကိစ္စကို သတင်းထုတ်ပြန်ပေးသွားပါမယ်။ လောလောဆယ် နည်းပြကြီးအနေနဲ့ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ကြည့်ရှုမှာပါ။ ယူ-၂၂၊ ယူ-၂၃ ဝန်းကျင်ရှိတဲ့ ကစား သမားတွေကို ဘယ်ကစားသမားပဲဖြစ်ဖြစ် ခြေစွမ်းပြနိုင်ရင် လက်ရွေးစင်အသင်းက ခေါ်ယူသွားဖို့ရှိပါတယ်’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းအား ၁၂ နှစ်ကြာ ဝေးကွာနေသည့် အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဆင့်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂတ်ဖရိုင်းဒရစ်ကို မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်က ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်း ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ပြိုင်ပွဲဝင်ခြောက်သင်းဖြင့် အုပ်စုနှစ်ခုခွဲကာ ကျင်းပမည်
ဖြစ်သည်။

ပြိုင်ပွဲတွင် မြန်မာအသင်းက ဗီယက်နမ်သန်နိုင်းသတင်းစာအ သင်း၊ ဂျပန်ကလပ် ယိုကိုဟားမား အသင်းတို့နှင့် အုပ်စု (က)တွင် ပါဝင်နေပြီး ဒီဇင်ဘာ ၁၈ ရက်၌ ဗီယက်နမ် သန်နိုင်းသတင်းစာအသင်းနှင့် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အုပ်စု(ခ)တွင် ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လိုင်၊ တရုတ်ကလပ် ဂါဝန်အသင်းနှင့် ထိုင်း ယူ-၂၁ အသင်းတို့ ပါဝင်နေသည်။

# 7 Day Daily


Leave a Reply