တိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ မြို့နယ်ပါတီရုံးများသို့ သွားရောက်တွေ့ဆုံဆွေးနွေး

 

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ ဒု- ဥက္ကဋ္ဌ ဦအောင်ချိုဦး ၊ တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးစန်းအောင်နိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့သည် ဒီဇင်ဘာ (၁၃) ရက်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီ ၊ လက်ပံတန်း ၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုမြို့နယ် ပါတီရုံးများသို့ သွားရောက်ပြီး ပါတီဝင်အင်အားစီစစ်ရေး လုပ်ငန်းဆောင်ရွက်မှုများ၊ ပါတီလုပ်ငန်း ဆောင်ရွက်မှုများကို မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။


Leave a Reply