ကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ExxonMobil အကြီးအကဲကို ဒေါ်နယ်ထရန့် ရွေးချယ်ထားကြောင်း အမေရိကန် မီဒီယာကဆို

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားသော ဒေါ်နယ်ထရန့်က ရုရှားနှင့် ဆက်ဆံရေးနီးစပ်သည်ဟု ယူဆရ သော ExxonMobil ကုမ္ပဏီအကြီးအကဲ Rex Tillerson ကို ရွေးချယ် ထားကြောင်း အမေရိကန်မီဒီယာများက တနင်္လာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်သည်။

 

တနင်္လာနေ့ ညနေပိုင်းတွင် တွစ်တာ၌ ဒေါ်နယ်ထရန့် က “မနက်ဖန်မနက်မှာ နိုင်ငံခြားရေးဝန်ကြီး အသစ်ကို ကျွန်တော် ကြေညာချက်ထုတ်မှာပါ” ဟု ရေးသားထားသည်။

နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ် နှင့် NBC သတင်းဌာနတို့က သတင်းအရင်းအမြစ်များကို ကိုးကားပြီး အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး ထရန့်သည် နိုင်ငံ၏ ထိပ်တန်းသံတမန်အဖြစ် Tillerson ကို ရွေးချယ်ထားကြောင်း ပြောကြား သည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် စီအိုင်အေ ညွှန်ကြားရေးမှူး ဒေးဗစ်ပီးထရက်စ်၊ ကုလသမဂ္ဂ သံတမန်ဟောင်း ဂျွန်ဘော်တန် နှင့် ဆီးနိတ်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးဥက္ကဌ ဘော့ဘ်ကော်ကာ တို့အပါအဝင် လူပုဂ္ဂိုလ် ကိုးဦးခန့်ထဲမှာ လျာထားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:AFP


Leave a Reply