အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆုံးမှ ရပ်တည်မည်ဟုဆို

 

နိုင်ငံတော်အတွက် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီက ရှေ့ဆုံးက ရပ်တည်မည်ဖြစ်ကြောင်း ယခုလ ၈ ရက် နံနက် ၁ဝ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၊ အရန် ကော်မတီဝင်များ၏ လပတ်အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက အဖွင့်လမ်းညွှန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းပါတီဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့သည့် ပါတီဌာနချုပ် အလုပ်အမှုဆောင် အစည်းအဝေးမှ မှာကြားချက်များ၊ လမ်းညွှန်ချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး မိမိတို့ပါတီအနေဖြင့် အမျိုးဂုဏ်ဇာတိ ဂုဏ်မြင့်မားရေးအား အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တစ်လအတွင်း ပါတီလုပ်ငန်း၏ ဝင်ငွေ၊ ထွက်ငွေနှင့်အသုံးစရိတ်များ ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီလုပ်ငန်းများဆောင်ရွက်ရာ တွင် လိုအပ်ချက်များရှိပါက ထောက်ပြခြင်း၊ အကြံပြုခြင်း၊ လုပ်ငန်း၏လိုအပ်ချက်၊ မိမိတို့၏ ခံစားချက်ဆန္ဒများအား ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ယခင်လပတ် အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်များ ပြန်လည်ဖတ်ကြား၍ အတည်ပြုချက်ရယူခြင်းနှင့် ပါတီဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်အသီးသီး ဝင်စာများ ညွှန်ကြားစာများဖတ်ကြားရှင်းလင်း ၍ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း က ဘဏ္ဍာရေးအခြေအနေ ရှေ့ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်း စဉ်များအား ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆွေးနွေးချက်၊ ရှင်းလင်းချက်များအား တက်ရောက်လာသူများက ဆွေးနွေး၍ ဥက္ကဋ္ဌ က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းကာ ဆုံးဖြတ ချက်များချမှတ်၍ အစည်းအဝေး ကို မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

ဇော်မြင့်(မကွေး)


Leave a Reply