ကြို့ပင်ကောက် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန် စည်းဝေးပွဲ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရုံးခန်းမအတွင်း လပတ် မျက်နှာစုံညီအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးသန့်ဇင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်တို့က ပါတီရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးကြသည်။ ယင်းနောက်ကျေးရွာ အုပ်စု ပါတီကေဒါခေါင်းဆောင်များက အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply