ဒုဝန်ကြီးနှစ်ဦးထပ်မံခန့်အပ်

သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနေရာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး နေရာတို့ ကိုခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ (၁၂) ရက်တွင် သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးမင်းသူအား လည်းကောင်း၊ မကြာသေးမီက ရာထူးမှရပ်စဲလိုက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းနေရာတွင် ဦးလှကျော် အားလည်းကောင်း အသီးသီး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာသူ ဦးမင်းသူ သည် တပ်မတော်(လေ) မှ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ကာ လက်ရှိတွင် နေပြည်တော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာသူ ဦးလှကျော် သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းကို နိုဝင်ဘာ ၁၈ ရက်က တာဝန်မှ ရပ်စဲပြီးနောက် ၂၄ ရက်အကြာတွင် ဦးလှကျော်အား ဒုဝန်ကြီးအဖြစ် အသစ်ထပ်မံခန့်လိုက်ခြင်းဖြစ် သည်။

ဒီချုပ်အစိုးရအဖွဲ့တက်လာပြီးနောက် ၀န်ကြီးဌာန (၂၂)  ခုတွင် ဒုဝန်ကြီး ၁၀ ဦးအထိ ခန့်အပ်ပြီးလည်းဖြစ်သည်။

# 7 Day Daily


Leave a Reply