မြောင်းမြမခရိုင်ပါတီ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနုင့် ဖွံ့ရေးပါတီ၏ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို မြောင်းမြခရိုင်ပါတီရုံး အစည်းအဝေးခန်မတွင် ဒီဇင်ဘာ (၈) ရက် နံနက် (၁၀) နာရီတွင် စတင် ကျင်းပရာ ဦးစွာ မြောင်းမြခရိုင် ပါတီဥက္ကဋ္ဌ ဒေါက်တာဌေးနိုင်မှ အဖွင့်အမှာ စကားပြောကြား၍ ၂၀၁၇ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ကော်မတီများမှ ရှေလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ထားရှိမူ အခြေအနေ များကို ပြန်လည်တင်ပြပြီး တင်ပြချက်များအပေါ် ခရိုင်ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အစည်းဝေးသို့ ခရိုင်/မြိုနယ်ပါတီကော်မတီဝင် (၃၀) ဦးတက်ရောက်ခဲ့ကြပြီး နေ့လည် (၁၂) နာရီတွင် အစည်းအဝေး ပြီးဆုံးကြောင်းသိရှိရသည်။

ထူးထူး(မြောင်းမြ)


Leave a Reply