မကွေးတိုင်းဒေသကြီးပါတီ မီဒီယာတာဝန်ခံများ တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မီဒီယာ တာဝန်ခံများတွေ့ဆုံပွဲကို တိုင်းဒေသကြီး ပါတီရုံး၌ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မီဒီယာတာဝန်ခံများ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် မိမိနိုင်ငံနှင့် လူမျိုးအတွက် အမျိုးဂုဏ် ဇာတိဂုဏ် တိုးတက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လမ်းညွန်းအမှာစကား ပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်အသီးသီးမှ မီဒီယာတာဝန်ခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

# Yawmin Thar


Leave a Reply